တာလီဘန်တို့က အစိုးရမဟုတ်သောအဖွဲ့အစည်းများရှိ အမျိုးသမီးအလုပ်သမားများအပေါ် တားမြစ်ခြင်းကို ခြွင်းချက်အဖြစ် ခွင့်ပြု

ကဘူးလ်   ဇန်နဝါရီ   ၂၀

တာလီဘန်တို့သည် အာဖဂန်နစ္စ တန်နိုင်ငံ၌     အစိုးရမဟုတ်သော အဖွဲ့အစည်းများ     (အင်န်ဂျီအို) အတွက်    အလုပ်လုပ်ကိုင်နေသည့်     အမျိုးသမီး   အလုပ်သမားများ အပေါ်  ၎င်းတို့၏  တားမြစ်မှုကို ခြွင်းချက်တစ်ခုအဖြစ်  ကြေညာခဲ့ သည်။ ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ နယ်ပယ်များတွင် အမျိုး သမီးများ     ပါဝင်လုပ်ဆောင်နိုင် ကြောင်း    အစ္စလာမ္မစ်အုပ်စုက ပြောကြားသည်။

၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့ သည့်  တာလီဘန်တို့သည်  ပညာ ရေးအပါအဝင်  နယ်ပယ်များစွာ တွင် အမျိုးသမီးများ၏ ပါဝင်မှုကို ပြင်းထန်စွာ      ကန့်သတ်ထား သည်။ ထို့အပြင် ၎င်းတို့သည် ပြီးခဲ့ သည့်လက အစိုးရမဟုတ်သော   အဖွဲ့အစည်းများကို     ထိခိုက်စေ သည့်       တားမြစ်ချက်များကို ကြေညာခဲ့ကြောင်း သိရသည်။

အချို့သော အမျိုးသမီးများ သည်  ၎င်းတို့၏  တာဝန်များကို ထမ်းဆောင်နေစဉ်    အစ္စလာမ္မစ် ဝတ်စားဆင်ယင်မှုကို ချိုးဖောက် ကြကြောင်း တာလီဘန်စီးပွားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ   အဗ္ဗဒူရာ့ချ်မန်ဟာဘစ်က  ပြော သည်။ အစိုးရမဟုတ်သော  အဖွဲ့ အစည်းများတွင် အလုပ်လုပ်နေ သူများထံမှ မကျေမနပ်ချက်များ ထွက်ပေါ်လာပြီးနောက်      ယခု ကဲ့သို့        ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း  ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။     
   
အင်န်အိတ်ချ်ကေ