တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာစိုက်ထူ

တာမွေ      ဇွန်     ၁၅

 

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် ကျိုက္ကဆံလမ်းလမ်းဆုံနေရာရှိ ရာပြည့်စျေးရှေ့၌ စိုက်ထူခဲ့သည်။

 

အသိပညာပေးပိုစတာ စိုက်ထူပွဲသို့ တာမွေမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကိုးအောင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာအား စုပေါင်းစိုက်ထူခဲ့ကြသည်။

 

ပြည်သူများအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များတွင် ပြည်သူလူထု တစ်ရပ်လုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရန် ရည်ရွယ်၍ စိုက်ထူခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်နက်တည်း စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)