တာမွေမြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

 

ရန်ကုန်    ၆   ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိ လင်္ကာရာမ ကျောင်းတိုက်တွင် ယနေ့နံနက် ၃ နာရီ မိနစ် ၄၀ အချိန်က ဘုန်းကြီးကျောင်းအပေါ်ထပ် မျက်နှာကြက်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ  မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၁၁)စီး၊ အထောက်အကူပြုယာဉ်(၅)စီး၊ ကွပ်ကဲမှု ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀၄) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးတို့ ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီအချိန်တွင် မီးငြိမ်းခဲ့သည်။

 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ကပ္ပိယ ဦးဇော်ရဲအောင်အား တာမွေမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင် (ပြန်/ဆက်)