တာမွေနှင့် လောက်ကိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၆ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၅ ရက် ည ၆ နာရီ ၃၅ မိနစ်တွင် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကျိုက္ကဆံလမ်းမကြီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မြင့်သိန်းကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့  နံနက် ၈နာရီတွင် ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ ရပ်ကွက် (၂)ရှိ ကောင်းရွယ် ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၂၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်