တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုသူ ၇၂၅၇၀၁ ရှိ

နေပြည်တော်   ၁၁   မတ်

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ဓာတုဗေဒ ဘာသာရပ်ကို ယနေ့ဖြေဆိုကြသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာန များတွင် ဓာတုဗေဒဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆၃၆၄၃ ဦးတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၂၅၇၀၁ ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၃၇၉၄၂ ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း (၉၅ ဒသမ ဝ၃) ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn