တစ်ရက်အတွင်း အာဖဂန်နေရပ်ပြန်သူပေါင်း ၆၀၀၀ ကျော်ရှိ

ကဘူးလ်     နိုဝင်ဘာ    ၁၂

ပါကစ္စတန်နိုင်ငံမှ   အာဖဂန်နစ္စတန်နိုင်ငံသို့   နေရပ်ပြန်သူများမှာ    နိုဝင်ဘာ ၁၁ ရက်  တစ်ရက် အတွင်းမှာပင်  လူပေါင်း  ၆၀၀၀ ကျော် ရှိသည်ဟု ဒုက္ခသည်များ ပြန်လည်လက်ခံရေးဝန်ကြီးဌာနက    နိုဝင်ဘာ   ၁၂  ရက်တွင် ပြောသည်။

ပါကစ္စတန်တွင်   နှစ်များစွာ နေထိုင်ခဲ့သည့်အာဖဂန်နိုင်ငံသား ၆၀၀၁ ဦးမှာ တော့ဟမ်နှင့် စပင် ဘိုဒေါ့ခ် ဖြတ်သန်းရေးဂိတ်များမှတစ်ဆင့်    ၎င်းတို့၏နေရပ်သို့   နိုဝင်ဘာ  ၁၁  ရက်တွင်   ပြန်သွားကြပြီ ဖြစ်သည်။  ပါကစ္စတန်တွင် အထောက်အထားမဲ့  နေထိုင်နေကြသည့် အာဖဂန်နိုင်ငံသားများကို နေရပ်ပြန်ပို့မည်ဟု ပါကစ္စတန် အစိုးရက  ဆုံးဖြတ်ပြီးနောက်  နေရပ်ပြန်   အာဖဂန်ပေါင်း ၂၀၀၀၀၀ ကျော်ရှိလာပြီဟု သိရ သည်။

အာဖဂန်ဒုက္ခသည်ပေါင်း  ၂ ဒသမ ၅ သန်းမှာ    ပါကစ္စတန်တွင်   နေထိုင်နေကြသည်။    ဆောင်းတွင်း သို့   ဝင်ရောက်လာတော့မည်ဖြစ်သည့်အတွက် နေရပ်ပြန်လာသည့်     ဒုက္ခသည်များအတွက်   ခိုလှုံရာနေရာများအပါအဝင်  အခြားသောလိုအပ်သည့်ပစ္စည်းများ   ထောက်ပံ့ပေးသွားမည်ဟု အာဖဂန်အစိုးရက  ပြောသည်။                            

ဆင်ဟွာ