ဝါရှင်တန် ဒီဇင်ဘာ ၂၃

 

လူမှုကွန်ရက်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည့် တစ်တော့ခ်ကို အမေရိကန်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက်အသုံးပြုရန် ခွင့်ပြုလိုသည့်ဆန္ဒရှိကြောင်း အမေရိကန်ရွေးကောက်ခံ သမ္မတထရမ့်က အရီဇိုးနားပြည်နယ်၌ ကျင်းပသည့် ကွန်ဆာဗေးတစ် အစည်းအဝေးတစ်ခုတွင် ဒီဇင်ဘာ ၂၂ ရက်က ပြောကြားလိုက်သည်။

 

တစ်တော့ခ်ပလက်ဖောင်းသည် ကောင်းမွန်သည့်တုံ့ပြန်ချက်များ ရရှိထားကြောင်း၊ ကြည့်ရှုသည့် ပမာဏသည်လည်း ဘီလီယံဒါဇင်နှင့် ချီရှိကြောင်း၊ ထို့ကြောင့် တစ်တော့ခ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထားသင့်ကြောင်း ထရမ့်က ပြောကြားလိုက်သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဧပြီ ၂၄ ရက်တွင် လွှတ်တော်၌ ဥပဒေမူကြမ်းတစ်ခုကို လက်မှတ် ရေးထိုးခဲ့ပြီး တစ်တော့ခ်ကို တခြားလုပ်ငန်းသို့ ရောင်းချသွားရန်နှင့် သို့မဟုတ်ပါက အမေရိကန်တွင် တစ်တော့ခ် အသုံးပြုခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အမေရိကန်အစိုးရ၏ တစ်တော့ခ်ကို ရောင်းချရန်အမိန့်အား ယာယီရပ်ဆိုင်းထားရန် တစ်တော့ခ်က ဒီဇင်ဘာ ၁၆ ရက်တွင် အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်သို့ အရေးပေါ်တောင်းဆိုခဲ့သည်။  အမေရိကန်တရားရုံးချုပ်က အဆိုပါအမှုကိုလာမည့် ဇန်နဝါရီ ၁၀ ရက်တွင် အချေအတင်ဆွေးနွေးမှုပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

 

ဆင်ဟွာ