တောမီးလောင်မှုများကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်လျက်ရှိ

နေပြည်တော် ၁၅ မတ်

 

မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီ ၃၇ မိနစ်က တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်နှစ်ပင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာလျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ထပ်မံ၍  ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၂ မိနစ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၈ အနီးတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သိရသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး ထွက်ခွာလျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN