အသက် ၂၅ နှစ်အရွယ် တောင် အာဖရိကနှင့် မာမယ်လိုဒီ ဆန်းဒေါင်းစ်အသင်း ကွင်းလယ်ကစားသမား ဂျေဒန်အဒမ်စ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးပြီး    သီတင်းပတ်အနည်းငယ်အကြာတွင်   ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။  

အဒမ်စ်သည် တောင်အာဖရိကအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်သုံးပွဲစလုံးကို    ပါဝင်ကစားထားသူဖြစ်သည်။ တောင်အာဖရိကအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂   သင်းအဆင့်တွင်  ပူးတွဲအိမ်ရှင် ကနေဒါအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် အသင်းဖြစ်သည်။

အဒမ်စ် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် အလွန်ထိတ်လန့်တုန်လှုပ်မိပြီး ဝမ်းနည်းရကြောင်း တောင်အာဖရိက အားကစား၊  အနုပညာနှင့်  ယဉ်ကျေးမှုဝန်ကြီး  ဂေတန်မက်ကန်ဇီက ပြောသည်။

မိုးဇက်