တောင်အာဖရိက ကျန်းမာရေးဝန်ကြီးနှင့်ဇနီး ကိုဗစ်-၁၉ ကူးစက်ခံရ

၁၉ အောက်တိုဘာ

 

 

တောင်အာဖရိက ကျန်းမာရေးဝန်ကြီး ဇာဝီလီမက်ဇီနှင့် ဇနီးတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

 

 

၎င်းအနေဖြင့် အိမ်မှာ သီးခြားခွဲနေလျက်ရှိပြီးနောက် ၎င်း၏ ဇနီးဖြစ်သူရော ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း မက်ဇီ၏ ပြောကြားချက်ကိုကိုးကားပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ကျန်မားရေးဝန်ကြီးသည် ကိုဗစ်-၁၉ လက္ခဏာများ ပြသပြီးနောက် ရောဂါစစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။

 

 

အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ဘေးအသင့်ဆုံး တောင်အာဖရိကနိုင်ငံ၌ ယခုနှစ်မတ်လအတွင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့် သောကြာနေ့က အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၇၀၀၀၀ ရောက်ရှိသွားပြီဖြစ်သည်။

 

 

တောင်အာဖရိကနိုင်ငံတွင် တနင်္ဂနွေနေ့ အတွင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဉီးရေ ၁၈၄၇၁ ဉီးနှင့် အတည်ပြုလူနာစုစုပေါင်း ၇၀၃၇၉၃ ဉီးရှိကြောင်း သိရှိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

a2