တောင်အာဖရိက ရေကြီးမှုမှ သေဆုံးသူ ၂၂ ဦးအထိရှိလာ

 

ဂျိုဟန်နက်စ်ဘာ့ဂျ်၊ ဒီဇင်ဘာ ၃၁

 

တောင်အာဖရိကနိုင်ငံ ကာဝါဇူလူ- နာတယ် ပြည်နယ်တွင် မကြာသေးမီကဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ ၂၂ ဦး အထိရှိလာပြီး သုံးဦးပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ကာဝါဇူလူ - နာတယ် အုပ်ချုပ်မှု ဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။

 

ဒီဇင်ဘာ ၂၄ ရက်က မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးကာ ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ သည်။ လမ်းမပေါ်တွင် ရေကြီးရေလျှံမှုကြောင့် ခရီးသွားနေသည့် မော်တော်ကားအချို့နှင့် အနီးအနားရှိ နေအိမ်အချို့ ရေထဲမျောပါသွားခဲ့သည်။

 

ရေကြီးမှုကြောင့် သေဆုံးသူ ၂၂ ဦး ရှိကြောင်း ကာဝါဇူလူ- နာတယ် ပြည်နယ်ဝန်ကြီးချုပ် နိုမူဆာဒူဘီနကူဘီက ပြောသည်။ ပျောက်ဆုံးသူများရှိလျှင် သတင်း ပို့ကြရန်လည်း ဒေသခံများကို တိုက်တွန်းထားသည်။ ကာဝါ ဇူလူ - နာတယ် ပြည်နယ်တွင် ဒီဇင်ဘာ ၃၁ ရက်တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာမည်ဟုလည်း မိုးလေဝသဌာနက သတိပေးထားသည်။ ယခင် မိုးရွာသွန်းမှုကြောင့် မြေစာပုံများ ရေနစ်မြုပ်နေသေးသည့်အတွက် ရေကြီး နိုင်ကြောင်း ကာဝါဇူလူ- နာတယ် အုပ်ချုပ်မှုဌာနက ဒေသခံများကို သတိပေးထားသည်။

 

ဆင်ဟွာ