ဩဂုတ် ၃၁
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နတ်ဘတ်မြို့လယ်ပိုင်းတွင် ယမန်နေ့မနက်ပိုင်းက အဆောက်အအုံမီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၆၃ ဦး ရှိလာပြီး အခြား ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
အဆိုပါမြို့၏အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ရောဘတ်မူလူဒီက ယမန်နေ့မနက် ၁ နာရီ ၃၀ မိနစ်ခန့်က ငါးထပ်အဆောက်အအုံ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
မီးသတ်သမားများက ထိုအဆောက်အအုံအား မီးငြှိမ်းသတ်ကာ အဆောက်အအုံအတွင်းမှလူများအားလုံးအား ဘေးကင်းရာသို့ကယ်ဆယ်မှုများလုပ်ဆောင်ခဲ့သည်။
ထိုမီးလောင်မှုဖြစ်ပွားရာနေရာမှာပင် ၁၀ ဦးအလောင်းကိုတွေ့ရှိကြောင်းအတည်ပြုထားပြီး ဒဏ်ရာရရှိသူများကို ကျန်းမာရေးကုသစောင့်ရှောက်မှု စင်တာများထံ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းအားစုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း ဂျိုဟန်နတ်ဘတ်မြို့၏ အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို