တောင်အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ တင်းကျပ်သည့်ကန့်သတ်ချက်များ ထပ်မံချမှတ်

၄ ဒီဇင်ဘာ

 

တောင်အာဖရိကနိုင်ငံ နယ်လ်ဆင်မင်ဒဲလားပင်လယ်အော်မြို့တော်ဆိုင်ရာဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်အစီအမံများကို ထပ်မံချမှတ်မည်ဖြစ်ကြောင်း သမ္မတ  Cyril Ramaphosa က ကြာသပတေးနေ့က ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားခဲ့သည်။

 

သတိပေးချက် အဆင့်-၁ ဖြင့် ထိုဒေသတွင် ကြာသပတေးနေ့ သန်းခေါင်မှစတင်ကာ ညမထွက်ရအမိန့်ထုတ်ပြန်မည် ဖြစ်ကြောင်း နှင့် လက်လီအရောင်းဆိုင်များမှ အရက်ရောင်းချခြင်းကို တနင်္လာနေ့မှ ကြာသပတေးနေ့အထိ မနက် ၁၀ နာရီနှင့် ည ၆ နာရီအကြားတွင်သာ ခွင့်ပြုမည် ဖြစ်သည်။

 

လူအများစုဝေးနေခြင်းကို ကာကွယ်ရန် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အရက်သေစာသောက်စားခြင်းကို တင်းကျပ်စွာတားမြစ်ထားသည်။

 

ဈာပနအခမ်းအနားများ ကျင်းပမှုအားလုံးကို  ပိတ်ပင်တားမြစ်ထားသည်။

 

တောင်အာဖရိကနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာကာ ဆေးရုံတက်ကုသမှု မြင့်တက်လာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကြာသပတေးနေ့ကအထိ ရောဂါကူးစက်ခံရသူ ၈၀၀၀၀၀ ကျော်ရှိလာပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၂၂၀၀၀ နီးပါးရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို