တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်ကြီးများတွေ့ဆုံ၊ ပညာရေးဆိုင်ရာ ဟောပြောပွဲနှင့် ညစာစားပွဲကျင်းပ

 

တောင်ကြီး ဧပြီ ၂၈

 

 တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း (Grade-10) လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက် ၈နာရီတွင် တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းရှိ ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်အဖွဲ့ (၁၉၆၄-၈၈)မှ လူရည်ချွန်ကြီး များနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပရာ လူရည်ချွှန်ကြီးများ ဖြစ်ကြသည့် ဒေါ်နန်းမိုမို သီတာက မိတ်ဆက်စကားပြောကြားပြီး  ဦးခင်မောင်ကြည်က လူရည် ချွန်အဖွဲ့(၁၉၆၄-၈၈) အကြောင်း သိကောင်းစရာများကို ပြောကြားသည်။

 

ဆက်လက်၍ သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်အရ လူရည်ချွန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သာထွန်းက ဘဝတစ်လျှောက် ဦးနှောက်အသုံးချပုံ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်မြတ်မြတ်ထွေးက လူရည်ချွန်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုးညွန့်က သက်ကြီးစကားသက်ငယ်ကြား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမေသောင်းခင်က တောင်ပေါ်သူ ကျွန်မ လူရည်ချွန်ဘဝ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးခင်မောင်ကြည်က ကမ္ဘာရေ ကြောင်း သင်္ဘော‌ မောင်းနှင့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမိုမိုသီတာက Entrepreneurship ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစိုးမြင့်က ထာဝရလူရည်ချွန်နှင့် အပန်းဖြေခြင်း ( Once LYC ever LYC) ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ ချကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူ လူရည်ချွန် မောင်မယ်များက မေးမြန်းကြရာ လူရည်ချွန်ကြီးများက ပြန်လည်ဖြေကြားကြပြီး လူရည်ချွန်သီချင်း များကို လက်ဆင့်ကမ်းသင်ကြားပေးသည်။

 

ညနေပိုင်းတွင် တောင်ကြီးလူရည်ချွန်စခန်း၌ ညစာစားပွဲကို ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော် အေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ရှမ်းပြည် နယ် ပညာရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်၍ လူရည်ချွန် ကျောင်းသား/သူများနှင့် အတူတကွ ရင်းရင်းနှီးနှီး ညစာသုံးဆောင် ကြသည်။

 

အဆိုပါ ညစားစားပွဲ၌ ညောင်ရွှေမြို့နယ်မှတင်ဆက်သည့် တိုင်းရင်းသားရိုးရာ ဖျော်ဖြေ ရေးအစီအစဉ်တွင် ရွှေတောင်ရပ်ကွက် သမီးငယ်များက ဝံသာနုပျိုမေ သီချင်းဖြင့် လည်းကောင်း၊ အထက-ခေါင်တိုင် မှ အင်းသူလေးရဲ့ဖိတ်ခေါ်သံ ၊ ကုမုဒြာ၊ ပအို့ဝ်သီချင်းတို့ဖြင့် လည်းကောင်း၊ မူလွန်-ကန်ရွာမှ ထာဝရသစ္စာ သီချင်းဖြင့်လည်းကောင်း၊ အလက-ညောင်ဝန်း နောက်မှ ရွှေအင်းသားမီး သီချင်းဖြင့်လည်းကောင်း၊ အမက-သဲကုန်းမှ လှမ်းလာခဲ့ပါ အင်းကန်သာ သီချင်းဖြင့်လည်းကောင်း၊ အမက-လွယ်ငြိမ့်မှ ထာဝရမြန်မာသီချင်းဖြင့် လည်းကောင်း၊ အမက-တောင်ပို့ကြီး(မ)မှ တောင်ယာဝင်ချိန်သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

(သတင်းစဉ်)