တောင်ကြီး၊ ပင်လောင်း၊ နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၉ ဧပြီ 

မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဇလဲသွားလမ်း၊ ပလီလင်းကျေးရွာ အနီးတွင် မအေးချိုမောင်းနှင်ပြီး မမိဥ(ခ)မမိအွုမ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ မမိဥ(ခ)မမိအွုမ်၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀  သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေပိုင်းတွင် ပင်လောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ပင်ထုံကျေးရွာအနီး၊ ပင်ထုံကျေးရွာ-ရေခေါက်ကျေးရွာ ကားလမ်းပေါ်တွင် အမျိုးသား ၂ ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်ရပ်တန့်ပြီး ထွက်ပြေးတိမ်းရှောင်သွား၍ ဆိုင်ကယ်ကို ရှာဖွေရာ ၃ ဒသမ ၅ ကီလို ကိုလည်းကောင်း၊ ထို့အတူ မွန်းလွဲ ၁ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် အိုက်ကောင်း(ခ)ဆိုင်မိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ ၁၄၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅ ပြားနှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

MDN