တောင်ကြီး   ဇူလိုင်   ၂၀

Football For Schoolအစီအစဉ် အရ ကျင်းပသော အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် မူလတန်းအဆင့်  ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်  ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ Aerobic၊ Fitness Exercise၊ ဘင်ခရာ၊ ပန်းဖွားအဖွဲ့များ၏ သရုပ်ပြတင်ဆက်မှုကို  ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး မူလတန်းအဆင့် ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)