တောင်ကြီးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းသော နေရာများကို ဦးစားပေးကာ သစ်ပင်များ စိုက်ပျိုးသွားမည်

တောင်ကြီး ၁၈ မေ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းသော နေရာများကို ဦးစားပေးကာ ပြည်သူလူထုပူးပေါင်းပါဝင်ပြီး သစ်ပင်များ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ထာဝရ စိမ်းလန်းစိုပြည်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက စစ်စံထွန်းရပ်ကွက် တပ်ဦးကျောင်း၌ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေကြသော လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် လာမည့်မိုးရာသီအမီ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

mdn


 
တောင်ကြီးမြို့နယ်အနေဖြင့် လာမည့်မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် ထင်းရှူး၊ ယမနေ၊ ချယ်ရီ၊ စိန်ပန်းပြာ စသည့် သစ်ပင် ပျိုးပင်ပေါင်း (၂၅၀ဝ၀ဝ) ကျော် ပျိုးထောင်ထားရှိပြီး တောင်ကြီးမြို့ တောင်စောင်းနေရာ၊ ရေထွက်နေရာများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းသော နေရာများကို ဦးစားပေးကာ ပြည်သူလူထုပူးပေါင်း ပါဝင်ပြီး သစ်ပင်များ စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)