တောင်ကြီး ဇွန် ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနှင့် တောင်ကြီးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်တို့သည် ဇွန် ၈ ရက်က တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား ကျောင်းသူ ၈၂၀ အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုသည်။
ထို့နောက် နေ့ချင်းပြီးဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့်UIDကတ်တို့ကို ကျောင်းသား ကျောင်းသူများထံသို့ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးက ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


