တောင်ကိုရီးယား အရှေ့တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၄ ဒသမ ၁ ပမာဏရှိ ငလျင်လှုပ်ခတ်

၁၀ ဖေဖော်ဝါရီ

 


တောင်ကိုရီးယား အရှေ့တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၄ ဒသမ ၁ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ကိုရီးယားမိုးလေဝသဌာန သတင်းဖော်ပြချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

 


အဆိုပါ ငလျင်သည် ဂီအွန်ဆန်ပြည်နယ်မြောက်ပိုင်း ပိုဟန်မြို့တော် ကမ်းရိုးတန်းအရှေ့တောင်ပိုင်း၏ အရှေ့မြောက်ဘက် ၅၀ ကီလိုမီတာအကွာတွင် ည ၁၂ နာရီ ၅၃ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ငလျင်ဗဟိုချက် မှာ ၂၁ ကီလိုမီတာ အနက်နှင့်အတူ အရှေ့လောင်ဂျီတွဒ် ၁၂၉  ဒသမ ၉ ဒီဂရီ နှင့် မြောက်လတ္တီတွဒ် ၃၆ ဒသမ ၁၆ ဖြစ်ကြောင်း ဖော်ပြထားသည်။

 


ငလျင်ဗဟိုချက်နှင့် ကုန်းမြေ အကြားအကွာအဝေးတွင် လှုပ်ခတ်ခဲ့ခြင်းကြောင့် ပုံမှန်ထက် ပြင်းအားပမာဏ ပိုများသော်လည်း ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ကိုရီးယားမိုးလေဝသဌာန တာဝန်ရှိသူက ပြောကြားခဲ့သည်။

 


ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို