တောင်ကိုရီးယား နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နေ့စဉ်မြင့်တက်လျက်ရှိ

၂၅ ဒီဇင်ဘာ

 

 

တောင်ကိုရီးယား နိုင်ငံတွင် သောကြာနေ့အတွင်း ထုတ်ပြန်သည့် စာရင်းများအရ ကူးစက်မှုသစ် ၁၂၄၁ ရှိခဲ့ရာ စုစုပေါင်း ကူးစက်ခံရသူ ၅၄၇၇၀ အထိ ရောက်ရှိသွားပြီ ဖြစ်သည်။

 

 

တနင်္ဂနွေနေ့ အတွင်းက ကူးစက်မှုပေါင်း ၁၀၉၇ ဉီးထိ ရှိခဲ့ရာ တစ်ရက်တာ ကူးစက်မှုများအနက် အမြင့်ဆုံး ကူးစက်မှု ဖြစ်သည်။

 

 

ဆိုးလ်နှင့် ဂျောင်ဂီအနီး ပတ်ဝန်းကျင် ဒေသများတွင် အစုလိုက် အပြုံလိုက် ကူးစက်မှုများကြောင့် နိုဝင်ဘာလ ၈ ရက် နောက်ပိုင်းတွင် ကူးစက်မှုပေါင်း ၁၀၀ ထိ ၄၈ ရက် ဆက်တိုက် ရှိခဲ့သည်။

 

 

တောင်ကိုရီးယား နိုင်ငံတွင် ဇန်နဝါရီလ ၃ ရက်နေ့ နောက်ပိုင်း လူပေါင်း ၃ ဒသမ ၉၃ ကို ကိုရိုနာ ဗိုင်းရပ်စ် စမ်းသပ်မှုများ ပြုလုပ်ပေးခဲ့သည်။

 

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

mdn