တောင်ကိုရီးယား ဝန်ကြီးချုပ်နုတ်ထွက်၊ ဝန်ကြီးချုပ်သစ်ခန့်အပ်ရန် ကြေညာ

ဆိုးလ် ၁၈ ဒီဇင်ဘာ

တောင်ကိုရီးယား သမ္မတမွန်ဂျေအင်းသည် ဝန်ကြီးချုပ် လီနက်ယွန် နုတ်ထွက်ခြင်းကို ကြေညာလိုက်ပြီး သူ့နေရာ တွင်အစးထိုးခန့်အပ်မည့်သူကိုလည်း သတင်းထောက်များကို ထုတ်ဖော်ပြောကြားလိုက်သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ဝန်ကြီးချုပ် လီနေရာတွင် ချွန်စီကျွန်ကို ခန့်အပ်မည်ဖြစ်ကြောင်း၊ ၎င်းသည် အသက် ၆၉ နှစ်ရှိပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

ချွန်သည် စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ကျွမ်းကျင် သည်။ ၂၀၁၆ ခုနှစ်တွင် ပါလီမန်က သမ္မတဟောင်း ပက်ဂွန်ဟေးကို စွဲချက်တင်ရန်ဥပဒေကြမ်းကို မဲပေးစဉ်က ချွန်သည် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တရားစွဲဆိုခြင်းကို လမ်းကြောင်းပေးခဲ့သည်။ ချွန်ကို ခန့်အပ်မှုသည်လွှတ်တော်အတည်ပြုပြီးနောက် တရားဝင်ဖြစ်မည်ဟု သိရသည်။

လီသည် ဂျပန်ရေးရာကိစ္စရပ်များတွင် ကျွမ်းကျင်သူအဖြစ် နာမည်ကြီးပြီး ၎င်းကို ၂၀၁၇ ခုနှစ် မေလတွင် ခန့်အပ်ခဲ့သည်။ 

ယင်းနှစ်တွင် မွန်အစိုးရ တက်လာသည်။ လီသည် သက်တမ်းအကြာဆုံးဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

အောက်တိုဘာလက လီသည် ဂျပန်ဧကရာဇ် ခရုဟီတို၏ ဘိသိက်ခံယူပွဲသို့ တက်ရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ ဆုံခဲ့သည်။

လီသည် နောင်လာမည့် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတဖြစ်လာနိုင်ခြေရှိသူအဖြစ်ထင်ကြေးပေးနေကြသည်။ ၎င်းသည် လာမည့် ဧပြီလတွင် ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။

အင်န်အိတ်ချ်ကေ