စက်တင်ဘာ ၁
တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယား၏ စစ်ရေးထောက်လှမ်းရေးဂြိုဟ်တုကို မကြားသေးမီက လွှတ်တင်ရန်ကြိုးပမ်းခဲ့ပြီးနောက် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ၎င်း၏အဆင့်မြင့်တာဝန်ရှိသူငါးဦးကို ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ကြောင်း ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုကုမ္ပဏီနှင့် တာဝန်ရှိသူငါးဦးသည် လူအစုလိုက်အပြုံလိုက်သေစေသည့် လက်နက်အစီအစဉ်များတွင် တရားမဝင်ငွေကြေးထောက်ပံ့ပေးမှု၌ပါဝင်ခဲ့သည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ် မေလက တောင်ကိုရီးယားအစိုးရအဖွဲ့ စတင်တာဝန်ယူပြီးနောက်ပိုင်း လူပုဂ္ဂိုလ် ၅၄ ဦးနှင့် အဖွဲ့အစည်းပေါင်း ၅၁ ခုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
မြောက်ကိုရီးယား၏ မဆင်မခြင်အပြုအမူများ ရပ်တန့်ရန် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း ထိုဝန်ကြီးဌာနကပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို