တောင်ကိုရီးယား၌ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု ၅ဝဝဝ အထက်ရှိ ဆိုးလ်မြို့ဝန်းကျင်၌ အစုအပြုံလိုက် ကူးစက်မှုဖြစ်ပွား

ဆိုးလ် ဒီဇင်ဘာ ၂၉

 

တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင် ဘာ ၂၈ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၅၄၀၉ ဦး တိုးလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၂၀၉၃၈ ဦး အထိ ရှိလာခဲ့သည်။

 

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယမန်နေ့က အမြင့်ဆုံး ကူးစက်ဖြစ်ပွားသူ အရေအတွက် ၃၈၆၅ ဦးထက် မြင့်တက်ခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၀၀၀ အထက်ရောက်ရှိခဲ့သည်မှာ သုံးရက်ဆက်တိုက် ရှိပြီဖြစ်သည်။ မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုများသည် ဆိုးလ်မြို့ဝန်းကျင် ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။

 

ထပ်မံဖြစ်ပွားသော ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၁၈၆၉ ဦးမှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ၁၆၀၈ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၃၀၉ ဦးမှာ အင်ချွန်မှ ဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များသည် မြို့တော်မဟုတ်သော ဒေသတွင်လည်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြို့တော်မဟုတ်သော ဒေသများတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၄၉၇ ဦး သို့မဟုတ် ၂၈ ဒသမ ၃ ရာခိုင်နှုန်း ရှိလာခဲ့သည်။

 

အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၅၅၈ ဦးအထိ ရှိလာခဲ့ပြီး ပြည်ပမှ ကူးစက်ဖြစ်ပွားသူ ၂၅၂ ဦးနှင့် ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၃၀၆ ဦးဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကထက် ၁၀၉ ဦး တိုးလာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ခံထားရ ပြီး စိုးရိမ်ရသောအခြေအနေ ခံစားနေရသူ ၁၁၅၁ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၄၉ ဦး တိုးလာခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် ၃၆ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၅၃၈၂ ဦး အထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်။

 

ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှု များ စတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၄၁၁၅၁၈၅ ဦး စုစုပေါင်း နိုင်ငံ့ လူဦးရေ၏ ၈၂ ဒသမ ၆ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ခဲ့ပြီးဖြစ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၂၄၃၂၉၉၀ သို့မဟုတ် ၈၂ ဒသမ ၆ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်း ကာကွယ်ဆေးထိုးပြီးသူ ၁၆၅၈၂၇၅၈ သို့မဟုတ် ၃၂ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

 

ဆင်ဟွာ