တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်ဆုံးရှုံးမှု၊ လုပ်အားခလျော့နည်းမှုနှင့် ရင်ဆိုင်ကြုံ တွေ့

ဆိုးလ် ၁၁ ဒီဇင်ဘာ

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် နေ့စားအလုပ်သမားများနှင့် ဝင်ငွေ နည်းပါးသောအလုပ်သမားများအတွက် ဝင်ငွေလျော့နည်းလာခြင်းနှင့် အတူ ပြည်သူထက်ဝက်နီးပါးသည် အလုပ်အကိုင်ဆုံးရှုံးမှု သို့မဟုတ် လုပ်အားခလျော့ကျမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စာရင်းအင်းရုံးမှ ယနေ့ထုတ်ပြန်သည့် အချက်အလက်များက ပြသထားသည်။

ယခုနှစ်မေလက ပြုလုပ်ခဲ့သည့်လေ့လာချက်အရ တောင်ကိုရီးယားပြည်သူ ၅၀ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် အလုပ်ပုံမှန် လုပ်ကိုင်ဆောင်လျက်ရှိသလို လုပ်အားခလည်း ပုံမှန်ရန်ရှိလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းခန့်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပြီးနောက် အလုပ်ကို ပုံမှန်လုပ်ကိုင်နေသော်လည်း စီးပွားရေးကျဆင်းမှုကြောင့် လုပ်အားခ ဖြတ်တောက်ခြင်းခံရကြောင်း သိရသည်။

ထို့အတူ တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် အလုပ်အကိုင် တစ်စိတ်တစ်ပိုင်းရှိသော် လည်း လုပ်အားခဖြတ်တောက်ခံရသူ ၂၆ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိပြီး အလုပ်လက်မဲ့ဖြစ်သူ ၁၄ ဒသမ ၀ ရာခိုင် နှုန်းခန့်ရှိသည်။ ထို့အပြင် တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပြီးနောက် လစာမဲ့ဖြင့်ခွင့်ယူူသူ ၉ ဒသမ ၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ယခုနှစ် မတ်လက တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်လက်မဲ့ဦးရေ ၆၀၀၀၀၀ ခန့်ရှိပြီး ဇွန်လတွင် အလုပ်လက်မဲ့ဦးရေ ၇၀၀၀၀၀ ခန့်အထိမြင့်တက်လာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့ သည့် ၁၉၉၈ ခုနှစ် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့က စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ သို့သော် ယင်းစီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့သည့် နှစ်များအနက် ယခုရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ကပ်ရောဂါသည် တောင်ကိုရီးယားနိုင်ငံရှိ ပုံမှန်အလုပ်အကိုင်မရှိသော အလုပ်သမားများနှင့် ဝင်ငွေနည်းပါးသော အလုပ်သမားများကို အဆိုးဆုံးထိခိုက်သွားကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လအကြား တောင်ကိုရီးယားနိုင်ငံရှိ ပုံမှန်အလုပ်အကိုင်မရှိသော အလုပ်သမားများ နှင့် နေ့စားအလုပ်သမားများ၏ ဝင်ငွေမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျုံ့သွားပြီး ပုံမှန်အလုပ်အကိုင်ရှိသော အလုပ်သမားများ၏ ဝင်ငွေမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးပွားလာကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ Photo: the star.com

ဘာသာပြန် - ဂျေတီ