တောင်ကိုရီးယား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၉၀၆၄ ဦးထပ်မံစစ်ဆေးတွေ့ရှိ

ဆိုးလ် မေ ၄

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၉၀၆၄ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူပေါင်း ၁၇၃၉၅၇၉၁ ဦးရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များက ယနေ့ပြောကြားသည်။

တစ်ရက်အတွင်းစစ်ဆေးတွေ့ရှိခဲ့သည့်ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များအနက် ၂၉ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လာသူများဖြစ်ကြသည်။ ယခုအခါ တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပမှ ပြန်လာခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၂၀၆၉ ဦးရှိလာသည်။

ထို့အပြင် တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၇၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၂၃၀၇၉ ဦးရှိလာသည်။

တောင်ကိုရီးယားအစိုးရသည် လက်ရှိအချိန်အထိ ပြည်သူ ၄၄၅၅၀၆၆၆ ဦး သို့မဟုတ် လူဦးရေစုစုပေါင်း၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်းကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ပြည်သူ ၃၃၁၄၇၇၆၂ ဦး သို့မဟုတ် လူဦးရေစုစုပေါင်း၏ ၆၄ ဒသမ ၆ ရာခိုင်နှုန်းကို တတိယအကြိမ်အပိုဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။   

ကိုးကား - ဆင်ဟွာ       
ဘာသာပြန် - ဂျေတီ