ဆိုးလ် မတ် ၂၃

 

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့၊ ဂျောင်ဆန်ပြည်နယ်တို့အပါအဝင် နိုင်ငံအရှေ့တောင်ပိုင်း ဒေသများတွင် တောမီး လောင်ကျွမ်းမှုများ  ဖြစ်ပွားလျက်ရှိရာ အမျိုးသားအရေးပေါ်အခြေအနေအဖြစ် မတ် ၂၂ ရက်တွင် ကြေညာခဲ့ကြောင်း ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

 

မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ဂျောင် ဆန်တောင်ပိုင်းခရိုင် ဆန်ချောင်စီရင်စု၌ တောမီးလောင်ကျွမ်းမှု စတင်ခဲ့ကြောင်း သိရသည်။  မတ် ၂၂ ရက် နံနက်ပိုင်းတွင် အရှေ့တောင်ပိုင်းဒေသရှိ နေရာ အများအပြားတွင် တောမီးကူးစက်လောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

 

တောင်ကိုရီးယား ယာယီသမ္မတ ချိုဆန်မော့ခ်သည် တောမီးလောင်ကျွမ်းမှု အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး တောမီးအပြီးသတ်ထိန်းချုပ်နိုင်စေရန် သက်ဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြား ခဲ့ကြောင်း သိရသည်။

 

မတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် အများဆုံးထိခိုက် ခံစားရသည့်ဒေသများရှိ အမျိုးသားအရေးပေါ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့သတ်မှတ်ခဲ့ကြောင်း သိရသည်။ ယခုအချိန်အထိ မီးသတ်သမားလေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်