တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် အိမ်ထောင်စု ၁၈၀ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဖေဖော်ဝါရီ ၁၈

 

တောင်ကိုရီးနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့တွင် ယမန်နေ့က တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၁၈၀ ခန့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ဆိုးလ်မြို့တော်၏ ကီလိုမီတာ ၃၅၀ အကွာခန့် ယောင်ဒေါ့ခ်ရှိ တောင်တစ်လုံးတွင် တောမီးလောင်ကျွမ်းသည်ကို အင်္ဂါနေ့အစောပိုင်းတွင် ပထမတွေ့ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် မီးငြှိမ်းသတ်ခဲ့သည်။

 

အဆိုပါမီးလောင်ကျွမ်းမှုသည်ညလုံးပေါက်သွားခဲ့ပြီး အနီးနားရှိလူနေရာအရပ်များသို့ ပျံ့နှံ့သွားခဲ့ရာ အိမ်ထောင်စုများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့သည်။ ယခုချိန်အထိ ထိခိုက်သေဆုံးမှုသတင်းကိုမူ မသိရှိရသေးပေ။

 

ကိုရီးယားသစ်တောဌာနက ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် တောမီးလောင်ကျွမ်းမှုသတိပေးချက် အဆင့်လေးဆင့် အနက် အဆင့်နှစ်မှ အဆင့်သုံးသို့ တိုးမြှင့်ခဲ့သည်။

 

မီးငြှိမ်းသတ်ရန်ရဟတ်ယာဉ် ၃၆ စင်းနှင့် အမှုထမ်း ၆၀၀ နီးပါးကို တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် မီးငြှိမ်းသတ်ရန် အခက်အခဲရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို