တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၃၃ ဦး ထပ်မံသေဆုံး

စက်တင်ဘာ ၂၆

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့်  ၃၃ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၈၂၄၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၄၁၆၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၆၃၄၂၉၆ ဦး ရှိသည်ဟု သိရသည်။

 

ပြီးခဲ့သည့်ရက်က ကိုဗစ်ကူးစက်မှုအရေအတွက် ၂၅၇၉၂ ဦးရှိရာမှ ကူးစက်မှုလျော့ကျလာခြင်းဖြစ်ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် လူ၂၂၀ သည် ပြည်ပကူးစက်မှုဖြစ်ပြီး နိုင်ငံအတွင်း ပြည်ပကူးစက်မှုပေါင်း ၆၆၀၅၀ ဦး အထိ မြင့်တက်လာသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ထိုရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၄၂၇ ဦးရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို