တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၅၃၃၃ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၈

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၅၃၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၄၉၈၃၆၉၄ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရသူဦးရေ ၂၂၄၈၂၀ ဦးရှိခဲ့ကြောင်း ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ အေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရသူများအနက် ဆိုးလ်ဒေသတွင် ၃၆၂၁၂ ဦး၊ ဂျောင်ဂီပြည်နယ်တွင် ၅၄၈၁၁ ဦးနှင့် အင်ချွန်ဆိပ်ကမ်းမြို့တွင် ၁၀၅၅၉ ဦး အသီးသီးတွေ့ရှိခဲ့သည်။

 

ပြည်ပမှပြန်လည်ရောက်ရှိလာသူ ၃၁ ဦးတွင် ကိုဗစ်ရောဂါကူးစက်မှုရှိသည်ကိုတွေ့ရှိခဲ့ပြီး  စုစုပေါင်းကူးစက်ခံရသူဦးရေ  ၃၁၃၃၀ ရှိလာသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၇၃ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၈၇၅၄ ဦး ရှိလာသည်။ 

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၄၄၅၀၈၇၀၃ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၂၈၇၈၄၅၂ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို