တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၅၈၈၃ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၅

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၅၈၈၃ ဦး ထပ်မံတွေ့ရှိပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၉၂၄၇၄၉၆ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါကူးစက်မှုသည် ပြီးခဲ့သည့်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၄၃၃ ဦးရှိရာမှ ရောဂါကူးစက်မှုအရေအတွက် ကျဆင်းလာခြင်းဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက ရောဂါကူးစက်ခံရသူ ၂၆၂၇၉ ဦးထက် မြင့်မားနေသည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက်သည် ၆၅၆၅၅ ဦးရှိခဲ့သည်။

 

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၄၃ ဦးသည် ပြည်ပမှပြန်ရောက်လာသူများ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ၎င်းရောဂါကူးစက်ခံရမှုကြောင့် ၁၇ ဦး ထပ်မံသေဆုံးကြောင်းအတည်ပြုထုတ်ပြန်ထားပြီး သေဆုံးသူပေါင်း ၂၄၈၉၀ ရှိလာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို