တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၀၁ ဦး ထပ်မံတွေ့ရှိ

နိုဝင်ဘာ ၂၆

 

တောင်ကိုရီးယားနိုင်ငံတွင်  လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၀၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၄၃၂၉၀၁ ဦး အထိမြင့်တက်လာသည်။

 

ယမန်နှစ် ဇန်နဝါရီလက ရောဂါကူးစက်မှု ပထမဆုံးတွေ့ရှိခဲ့ပြီးနောက်ပိုင်း နေ့စဉ်ကူးစက်မှုတွင် တတိယအများဆုံးနေ့ဖြစ်သည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၇၃၉ ဦးသည် ဆိုးလ်ဒေသခံများ ဖြစ်ပြီး ၁၉ ဦးသည် ပြည်ပမှပြန်ရောက်လာသူများဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၉ ဦးသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၄၄၀ ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၄၂၄၁၉၀၁၁ ဦးရှိသည်။ နိုင်ငံလူဦးရေ၏ ၈၂ ဒသမ ၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၀၇၆၄၅၄၈ ဦးရှိပြီး ၎င်းတို့အနက် ၂၄၆၄၇၉၈ ဦးသည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို