တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၁၈၇၄ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၆

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၈၇၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၃၁၆၃၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၃၄၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ပြည်ပကူးစက်မှုပေါင်း ၆၃၂၉၉ ဦးအထိ မြင့်တက်လာသည်။

 

ပြီးခဲ့သည့်ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၁၄၇၁ ဦးရှိရာမှ ရောဂါကူးစက်မှုအရေအတွက် လျော့ကျလာခြင်း ဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ( ကေဒီစီအေ )၏ ပြောကြားချက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၇၇၂၅ ဦး ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၅၄၆၃၃ ဦးရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို