တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀ ဒသမ ၅ သန်းကျော်ရှိလာ

 

ဆိုးလ်  ဩဂုတ်  ၈

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၅၂၉၂ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀၅၄၄၄၂၀ ရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေး အာဏာပိုင်များက ယနေ့ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများတွင် ၄၈၂ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ကျန်ရှိသူများသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် သေဆုံးသူပေါင်း ၂၅၂၉၂ ဦးရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေး အာဏာပိုင်များက ပြောသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူအရေအတွက်သည် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း၏ သုည ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်