တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံမှုကြောင့် ၅၉ ဦး ထပ်မံသေဆုံး

နိုဝင်ဘာ ၂၄

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ၅၉ ဦးထပ်မံသေဆုံးခဲ့ပြီးနောက် ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၀၂၂၃ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော၂၄ နာရီအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၅၉၀၈၉ ဦးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၆၇၈၄၁၄၂ ဦးရှိလာသည်ဟု သိရသည်။

လွန်ခဲ့သောရက်က ထိုရောဂါကူးစက်ခံရသူ ၇၀၃၂၄ ဦးရှိရာမှ ရောဂါကူးစက်မှုအရေအတွက်လျော့ကျလာခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ( ကေဒီစီအေ )က ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၅၅ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ကျန်ရှိနေသူများသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟုဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပကူးစက်မှုပေါင်း ၇၁၀၇၆ ဦးရှိလာကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို