တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၇၈၆၇ ဦးရှိလာ

စက်တင်ဘာ ၁၉

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၉ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၇၈၆၇ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၉၄၀၇ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၂၄၄၁၃၈၇၃ ဦး အထိရှိသည်ဟု  ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ အေဂျင်စီ( ကေဒီစီအေ )၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၂၈၉ ဦးသည် ပြည်ပကူးစက်မှုများဖြစ်ပြီး နိုင်ငံအတွင်း ပြည်ပကူးစက်မှုပေါင်း ၆၄၁၁၂ ဦးအထိ ရှိလာသည်။

 

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၅၃၁၇၂ ဦးရှိခဲ့သည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ၅၀၈ ဦးသည် အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို