တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၆၉၃ ဦး  ထပ်မံတွေ့ရှိ

ဇူလိုင် ၁၁

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၆၉၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၈၅၂၄၅၃၈ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

အဆိုပါရောဂါကူးစက်မှုအရေအတွက်သည် ပြီးခဲ့သည့်ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၀၄၁၀ ဦးရှိရာမှလျော့ကျလာခြင်းဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက  ကိုဗစ်ရောဂါကူးစက်ခံရသူ ၆၂၄၉ ဦးထက် ပိုမိုများပြားလာခဲ့ကြောင်း ကိုရီးယားရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က နေ့စဉ်ပျမ်းမျှကူးစက်ခံရသူအရေအတွက် ၁၈၃၈၈ ဦး ရှိသည်ဟု အတည်ပြုထားသည်။

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၈၀ ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၄၆၆၁ ဦး အထိ ရှိလာသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို