တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၃၄၄ ဦး ထပ်မံတွေ့ရှိ

ဆိုးလ် မေ ၂၅

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၃၄၄ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၇၉၉၃၉၈၅ ဦး ရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက မေ ၂၄ ရက်တွင် ပြောကြားသည်။

 

ထို့ပြင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၂၄၀၀၆ ဦးရှိလာကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။ အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် နိုင်ငံအတွင်း သေဆုံးသူစုစုပေါင်း၏ သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ထိုးနှံပေးပြီးဖြစ်

တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံလူဦးရေ ၏ ၈၆ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၇၀၄၁၉ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၂၆၈၄၂၁ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၈ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်