တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၉၃၂၇ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၆

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၉၃၂၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၉၃၄၆၇၆၄ ဦး ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

လွန်ခဲ့သောနေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၅၈၈၃ ဦး ရှိရာမှ ရောဂါကူးစက်မှုမြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်က ရောဂါကူးစက်ခံရသူဦးရေ ၇၃၅၅၈ ထက် ကူးစက်မှုပိုမိုများပြားလာသည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှု ၆၉၃၃၇ ဦးရှိခဲ့သည်။ အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၅၃ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၄၉၀၇ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို