တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၁၂၅၄၂ ဦး ထပ်မံတွေ့ရှိ

 

 

ဆိုးလ်     ဇွန်    ၃

 

တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၁၂၅၄၂ ဦး ထပ်မံတွေ့ရှိရသဖြင့်  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၁၄၁၈၃၅ ဦးရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့ပြောကြားသည်။

 

နိုင်ငံအတွင်း  မတ်လလယ်က အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့ရာမှ     ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ  စနစ်ကျစွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် နေ့စဉ်ကိုဗစ်-၁၉ရောဂါကူးစက်မှုများ ပြန်လည် ကျဆင်းခဲ့သည်။

 

လက်ရှိအချိန်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာ သူ ၃၂၉၂၅ ဦး၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကြောင့် သေဆုံးသူ ၂၄၂၂၉ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ