တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၄၉၄၄ ဦးထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၃

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄နာရီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၄၄ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၂၅၅၅ဦးအထိ မြင့်တက်လာသည်။

 

ပြီးခဲ့သည့်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၅၂၆၆ ဦးဖြင့် ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့ရာမှ နေ့စဉ်ကူးစက်သူဦးရေ ကျဆင်းလာသော်လည်း ကူးစက်သူဦးရေ ၅၀၀၀ ဝန်းကျင်တွင် ရှိနေသေးသည်။

 

မကြာသေးမီက ကူးစက်မှုများ မြင့်မားလာခြင်းသည် ဆိုးလ်ဒေသတွင် အုပ်စုလိုက်ကူးစက်မှုများ ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်။

 

အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ခြောက်ဦးတွင်ပြည်ပကူးစက်သူ လေးဦးနှင့်ပြည်တွင်း ကူးစက်သူ နှစ်ဦးတို့ ပါဝင်သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၄ ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၃၇၃၉ ဦး ရှိလာသည်။ သေဆုံးမှုနှုန်း သုည ဒသမ ၈၁ ရာခိုင်နှုန်းဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၁၁၉၂၃၄၈ ဦးရှိပြီး ကိုဗစ်အားဖြည့် ကာကွယ်ဆေးထိုးနှံပြီးသူ ၃၅၇၀၄၁၄ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို