တောင်ကိုရီးယားနိုင်ငံ၌ ရေငုပ်သင်္ဘောမှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် 

ဧပြီ ၂၂

 

တောင်ကိုရီးယားနိုင်ငံက ၎င်းတို့၏စစ်တပ်သည် ယခုသီတင်းပတ်တွင် ရေငုပ်သင်္ဘောမှပစ်လွှတ်သောပဲ့ထိန်းဒုံးကျည်များ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

 

ထိုကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ရာတွင် အသေးစိတ်ပြောကြားခြင်းမရှိပေ။

 

တန်ချိန် ၃၀၀၀ ရှိ ရေငုပ်သင်္ဘောမှ စက္ကန့် ၂၀ ခြားကာ ဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ကြောင်းနှင့် ကီလိုမီတာ ၄၀၀ အကွာအဝေးရောက်ရှိခဲ့ပြီး ပင်လယ်ပြင်ရှိပစ်မှတ်များကို ထိမှန်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။

 

အဆိုပါဒုံးကျည်ပစ်လွှတ်မှုသည် ဒုတိယအကြိမ် ပစ်လွှတ်မှုဖြစ်ပြီး ယမန်နှစ် စက်တင်ဘာလက ပထမအကြိမ် ပစ်လွှတ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

 

ယင်းသို့စမ်းသပ်အောင်မြင်မှုသည် ကာကွယ်ရေးစွမ်းရည်တိုးတက်ရေးတွင် အထောက်အကူဖြစ်မည် ဖြစ်ကြောင်းနှင့် စစ်ဆင်ရေးတွင် ၎င်းဒုံးကျည်များကို ဖြန့်ကျက်ထားနိုင်မည်ဟု ယူဆရကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ထိုထုတ်ဖော်ပြောကြားချက်အပြီးတွင် မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရှုတ်ချနိုင်ဖွယ်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို