တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၅၄ ဦးထပ်မံတွေ့ရှိ

မေ ၁၉

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၄ ဦး တွေ့ရှိခဲ့သည်။

 

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၃၃၄၇၁ ဦးအထိ မြင့်တက်လာသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၂၄၅ ဦးသည် ဆိုးလ်မြို့ဒေသခံများဖြစ်ပြီး ၁၅၉ ဦးသည် ဂျီအွန်ဂီပြည်နယ်တွင် နေထိုင်သူများ ဖြစ်သည်။ ၁၇ ဦးသည် ပြည်ပမှပြန်ရောက်လာသူများ ဖြစ်သည်။

 

အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် ၈ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦဂရေ ၁၉၁၂ ဦး အထိရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၂၃၂၃၇ ဦး ရှိသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှစတင်ကာ အုပ်စုလိုက်ကာကွယ်ဆေးထိုးနှံမှုများ လုပ်ဆောင်ခဲ့ရာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၁၈၀၂၈၁ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၃၇၅၉၀၅၈ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို