တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၆၈၅၃  ဦးထပ်မံတွေ့ရှိ

မတ် ၄

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၆၈၅၃ ဦးထပ်မံတွေ့ရှိခဲ့သောကြောင်း ကိုဗစ်ကူးစက်ဖြစ်ပွားသူပေါင်း ၃၉၅၈၃၂၆  ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရသူ ၁၉၈၈၀၃ ဦးတွေ့ရှိရာမှ ယနေ့တွင် ကူးစက်မှုသိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၉၂၆၉ ဦးသည် ဆိုးလ်ဒေသခံများဖြစ်ပြီး ဂျောင်ဂီပြည်နယ်မှ ၇၆၇၂၂ ဦးနှင့် အင်ချွန်မြို့မှ ၁၆၆၈၁ ဦးတို့အသီးသီးဖြစ်ကြသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၁၈၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၈၅၈၀ ရှိလာသည်။ ရောဂါကူးစက်ခံရသူများအနက် ၇၉၇ ဦးသည် ကျန်းမာရေးအခြေအနေဆိုးရွားကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီးသူ ၄၄၃၈၀၀၆၂ ဦးရှိပြီး ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၁၆၄၂၂၁၅ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို