စက်တင်ဘာ ၂၁
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆက်လက်ဖြစ်ပွားနေစဉ် ၂၀၂၂ ခုနှစ်က သေဆုံးသူဦးရေ စံချိန်တင်မြင့်မားခဲ့ကြောင်း ယနေ့တွင် စာရင်းအင်းရုံးက တရားဝင်ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ၂၀၂၂ ခုနှစ်က သေဆုံးသူစုစုပေါင်း ၃၇၂၉၃၉ ဦးရှိရာ လွန်ခဲ့သောနှစ်ကထက် ၁၇ ဒသမ ၄ ရာခိုင်နှုန်း သေဆုံးမှုပိုမိုမြင့်မားခဲ့သည်ဟု သိရသည်။
၂၀၂၂ ခုနှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၃၁၂၈၀ ဦးသေဆုံးခဲ့ရာ လွန်ခဲ့သောနှစ်က သေဆုံးသူဦးရေ ၅၀၃၀ ရှိသဖြင့် သေဆုံးမှုမြင့်မားခဲ့သည်။
အသက် ၈၀ နှင့်အထက် အရွယ်များ၏သေဆုံးမှုအရေအတွက်သည် ၂၀၂၂ ခုနှစ်က ၂၀၀၄၉၃ ဦးရှိသဖြင့် ၂၆ ဒသမ ၃ ရာခိုင်နှုန်း ခုန်တက်ခဲ့ကာ သေဆုံးမှုစုစုပေါင်း၏ထက်ဝက်ကျော်ရှိသည်ဟု သိရသည်။
အသက် ၆၀ နှင့် ၇၀ နှစ်အရွယ်များ၏ သေဆုံးမှုအရေအတွက်သည် လွန်ခဲ့သောနှစ်က ၄၈၉၉၈ ဦးနှင့် ၇၆၆၂၁ ဦးတို့ဖြစ်ကြောင်း ကိန်းဂဏန်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို