တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ ၁၁၀ ထပ်မံတွေ့ရှိ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၃၂၁၆ ဉီး ရှိပြီဖြစ်

စက်တင်ဘာ ၂၃

 

 

တောင်ကိုရီးယား နိုင်ငံတွင်  အင်္ဂါနေ့ ညသန်းခေါင် အချိန်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသူ ၁၁၀ တိုးလားခဲ့ပြီး ပြီးခဲ့သည့် ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၃၂၁၆ ဉီးထိ တိုးမြှင့်လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

 

ဩဂုတ်လ ၁၅ ရက်နေ့က ဆိုးလ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲနှင့် ဆက်စပ်သည့် ကူးစက်မှုများနှင့်  ဂျောင်ဂီပြည်နယ်ရှိ ခရစ်ယာန် ဝတ်ပြုကျောင်းမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ကူးစက်မှုများကြောင့် ဆိုလ်းမြို့တွင် လေးရက်အတွင်း နေ့စဉ် ကူးစက်သည့်ဉီးရေမှာ ၁၀၀ အထက်သို့ မြှင့်တက်လာခဲ့သည်။

 

 

ရောဂါကူးစက်ခံရသည့်  ကူးစက်မှု အသစ် ၄၀ မှာ ဆိုးလ်မြို့မှ ဖြစ်ပြီး ကျန်၂၈ ဉီးမှာ  ဂျောင်ဂီပြည်နယ် မှဖြစ်သည်။

 

 

ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၁၁ ဉီးတွင် ရောဂါကူးစက်ခံခဲ့ရသဖြင့် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၁၁၄ ဉီးရောက်ရှိသွားဖြစ်သည်။

 

 

သေဆုံးသူ စုစုပေါင်း ၃၈၈ ဉီးရှိခဲ့ပြီး ထပ်မံသေဆုံးသူများကို အတည်ပြုခြင်း မရှိသေးပေ။

 

 

သေဆုံးသူ စုစုပေါင်းမှာ ၁၆ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။

 

 

ရောဂါမှ ပြန်လည် သက်သာလာသူ  စုစုပေါင်း ၂၀၉ ဉီးကို ဆေးရုံမှ ဆင်းပေးခဲ့ပြီး  ရောဂါကူးစက်မှုမှ ပြန်လည် သက်သာလာသူများမှာ ၈၈ ဒသမ ၉၅ ရာခိုင်နှုန်း ရှိပြီဖြစ်သည်။

 

 

တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီလ ၃ ရက်နေ့မှစပြီး လူပေါင်း ၂ ဒသမ ၂၅ သန်းကို ဗိုင်းရပ်စ်စစ်ဆေးပေးခဲ့ပြီး ၎င်းတို့ထဲမှ ၂၂၁၃၁၅၆ ဉီးတွင်  ဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ပေ။ ၂၀၅၂၇ ဉီးကိုမူ ဗိုင်းရပ်စ်ပိုး စစ်ဆေးနေဆဲဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

mdn