တောင်ကိုရီးယားနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ စံချိန်တင်မြင့်မားလျက်ရှိ

ဆိုးလ် နိုဝင်ဘာ ၁၉

 

ယခုလအစောပိုင်းတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် နေထိုင်မှုကို စတင်လိုက်ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် စံချိန်တင်မြင့်မားလျက်ရှိကြောင်း ကျန်းမာရေး အာဏာပိုင်များက နိုဝင်ဘာ ၁၈ ရက်တွင် ပြောသည်။

 

ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (ကေဒီစီအေ)အရ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ကြည့်ပါက တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက် ညသန်းခေါင်အချိန်အထိ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ လူနာသစ် ၃၂၉၂ ဦး ရှိလာမှုနှင့်အတူ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၀၆၀၆၅ ဦးအထိ ရောက်ရှိလာခဲ့သည်။

 

လွန်ခဲ့သောနှစ် ဇန်နဝါရီ ၂၀ ရက်က ကိုဗစ်-၁၉ ပထမဆုံး အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ သည်မှစကာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများအနက် ယနေ့သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးနေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ဖော်ပြခဲ့သည်။ နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် နှစ်ရက်ဆက်တိုက် ၃၀၀၀ ကျော် ရှိခဲ့သည်။

 

ကိုဗစ်-၁၉ စည်းမျဉ်းများနှင့် နေထိုင်ရမည်ဟု အစိုးရက စည်းမျဉ်းစည်းကမ်းများ ချမှတ်လိုက်ပြီးနောက် ယခုလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်လာခြင်းဖြစ်သည်။

 

မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်လာခြင်းသည် မြို့တော်ဆိုးလ်ဒေသတွင် ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှုများကြောင့်ဖြစ်သည်။

 

ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ လူနာများအနက် ၁၄၂၃ ဦးမှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ချုံဂီပြည်နယ်မှ ၉၆၅ ဦး နှင့် အင်ချွန်ပြည်နယ်မှ ၁၉၅ ဦး တို့ဖြစ်ကြသည်။

ဆင်ဟွာ