တောင်ကိုရီးယားသမ္မတဟောင်း  ချန်ဒူဝမ် ကွယ်လွန် 

နိုဝင်ဘာ ၂၃

 

တောင်ကိုရီးယားသမ္မတဟောင်း ချန်ဒူဝမ် (အသက် ၉၀) သည် ယနေ့တွင်သေဆုံးသွားသည်ဟု တောင်ကိုရီးယားမီဒီယာက ဆိုသည်။

 

ချန်သည် ဆိုးလ်မြို့တော်ရှိ နေအိမ်မှာပင် ယနေ့မနက်အစောပိုင်းက သေဆုံးသွားကြောင်း ယွန်ဟပ်သတင်းအေဂျင်စီနှင့်အခြား သတင်းအရင်းအမြစ်များတွင် ဖော်ပြထားသည်။

 

သမ္မတ ပတ်ချောင်ဟီးလုပ်ကြံခံရပြီးနောက် ၁၉၇၉ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းခဲ့သည်။

 

နောက်တစ်နှစ်တွင် ချန်သည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၁၉၈၈ ခုနှစ်အထိတိုင် နိုင်ငံကိုတင်းကျပ်စွာအုပ်ချုပ်ခဲ့သည်။

 

အနောက်တောင်ပိုင်း ဂွမ်ကျူးမြို့၌ ၁၉၈၀ ခုနှစ်တွင် ကျောင်းသားများဦးဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုတစ်ခုကို ပြင်းထန်စွာနှိမ်နင်းရန် ၎င်းကအမိန့်ပေးခဲ့သည်။

 

တောင်ကိုရီးယား စီးပွားရေးတိုးတက်မြင့်မားလာသောအခါ ဆိုးလ်အိုလံပစ်အားကစားပြိုင်ပွဲကို ၁၉၈၈ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် လုပ်ဆောင်ခဲ့သည်။

 

ချန်သည်၁၉၉၅ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံခဲ့ရသော်လည်း ၁၉၉၇ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို