တောင်ကိုရီးယားတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ ခြောက်ဦးအထိရှိလာ

ဆိုးလ် ဒီဇင်ဘာ ၄

တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၂ ရက် ညသန်း ခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့်နှိုင်းယှဉ်ပါက ၄၉၄၄ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၄၆၂၅၅၅ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယမန်နေ့ အမြင့်ဆုံးကူးစက်ဖြစ်ပွားသူအရေအတွက် ၅၂၆၆ ဦးထက် လျော့နည်းခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၀၀၀ အထက် ရောက်ရှိနေသေးသည်။

မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူးစက်ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။

ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများအနက်၂၀၉၄ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၁၄၆၄ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၃၀၆ ဦးမှာ အင်ချွန်မှဖြစ်သည်။

ပြည်ပကူးစက်ဖြစ်ပွားသူ ၂၁ ဦးနှင့်အတူ စုစုပေါင်း ပြည်ပကူးစက်ဖြစ်ပွားသူအရေအတွက် ၁၅၈၁၇ ဦးအထိ ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် မြို့တော်မဟုတ်သော ဒေသတွင်လည်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၀၅၉ ဦး ရှိလာခဲ့သည်။ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ခြောက်ဦးအထိရှိလာခဲ့ပြီး နိုင်ငံခြားကူးစက်ဖြစ်ပွားသူလေးဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ နှစ်ဦးဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသော အခြေအနေခံစားနေရသူ ၇၃၆ ဦးအထိ တိုးလာခဲ့၍ ယမန်နေ့ကထက် သုံးဦးတိုးလာခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် ၃၄ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ ၃၇၃၉ ဦးအထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ် ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၂၆၁၈၂၉၆ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၃ ဒသမ ဝ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း ၄၁၁၉၂၃၄၈ ဦး သို့မဟုတ် ၈၀ ဒသမ ၂ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်းကာကွယ်ဆေးထိုးပြီးသူ ၃၅၇၀၄၁၄ သို့မဟုတ် ၇ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။

ဆင်ဟွာ