တောင်ကိုရီးယားတွင် အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ ၄၄၉ ဦးအထိရှိလာ

ဆိုးလ် ဒီဇင်ဘာ ၂၉

 

တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၃၈၆၅ ဦးတိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၁၅၅၃၂ ဦးအထိ ရှိလာခဲ့သည်။

 

နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ယမန်နေ့ အမြင့်ဆုံး ကူးစက်ဖြစ်ပွားသူ အရေအတွက် ၄၂၀၆ ဦးထက် အနည်းငယ် လျော့နည်းခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၀၀၀ အောက်ရောက်ရှိခဲ့သည်မှာ ၂၈ ရက်ဆက်တိုက် ရှိပြီဖြစ်သည်။

 

မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက် ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။ ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၁၂၅၄ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၁၀၄၅ ဦးမှာ ချုံပြည်နယ်မှဖြစ်ပြီး ၂၃၃ ဦးမှာ အင်ချွန်းမှဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် မြို့တော်မဟုတ်သော ဒေသတွင်လည်း ကူးစက်ပျံ့နှံ့ လျက်ရှိပြီး မြို့တော် မဟုတ်သော ဒေသများတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၂၄၅ ဦး သို့မဟုတ် ၃၃ ဒသမ ၀ ရာခိုင်နှုန်း ရှိလာခဲ့သည်။

 

အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၄၄၉ ဦးအထိရှိလာခဲ့ပြီး နိုင်ငံခြားကူးစက်ဖြစ်ပွားသူ ၁၈၃ ဦးနှင့် ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၂၆၆ ဦး ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကထက် လေးဦးတိုးလာခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံထား ရပြီး စိုးရိမ်ရသော အခြေအနေ ခံစားနေရသူ ၁၁၀၂ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၂၄ ဦး တိုးလာခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် ၄၆ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ ၅၃၄၆ ဦး အထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ဝ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်။

 

ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၄၀၆၄၂၃၉ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၈ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၂၃၈၄၄၂၅ ဦး သို့မဟုတ် ၈၂ ဒသမ ၅ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်း ကာကွယ်ဆေးထိုး ပြီးသူ ၁၅၉၅၃၁၄၀ သို့မဟုတ် ၃၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

 

ဆင်ဟွာ