တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ခြောက်ရက်ဆက်တိုက် ၂၀၀၀ ကျော်အထိ မြင့်တက်

ဆိုးလ် နိုဝင်ဘာ ၁၆

 

တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာ ၁၄ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၂၀၀၆ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၃၉၇၄၆၆ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

 

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင်ရက်ကထက် ၂၄၁၉ ဦး ကျဆင်းခဲ့သော်လည်း ခြောက်ရက်ဆက်တိုက် ၂၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။ မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက် ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရသည်။

 

ထပ်မံဖြစ်ပွားသော ကိုဗစ် ၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၈၅၆ ဦးမှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ၅၉၆ ဦးမှာ ချုံဂီပြည်နယ် မှဖြစ်ပြီး ၁၀၂ ဦးမှာ အင်ချွန်မှ ဖြစ်သည်။

 

မြို့တော်မဟုတ်သည့် နေရာဒေသများတွင်လည်း ကိုဗစ်-၁၉ ဆက်လက်ကူးစက် ပြန့်ပွားလျက် ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားသူ ၄၃၂ ဦး သို့မဟုတ် ၂၁ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ပြည်ပကူးစက်ဖြစ်ပွားသူ ၂၀ နှင့်အတူ စုစုပေါင်း ပြည်ပကူးစက်ဖြစ်ပွားသူ အရေအတွက် ၁၅၃၉၀ အထိ ရှိလာပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံထား ရပြီး စိုးရိမ်ရသောအခြေအနေ ခံစားနေရသူ ၄၇၁ ဦးရှိပြီး ယခင်ရက်ကထက် ၁၂ ဦး လျော့နည်းခဲ့သည်။ ။

 

ကိုဗစ်-၁၉ ကြောင့် ၁၂ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ ၃၁၁၅ ဦး အထိ ရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်။

 

ဖေဖော်ဝါရီ ၂၆ ရက်တွင် အစု လိုက် ကာကွယ်ဆေးထိုးမှုများ  စတင်ပြုလုပ်ခဲ့သည့် အချိန်မှစကာ ယခုအချိန်ထိ လူပေါင်း ၄၁၉၆၂၆၂၉ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၁ ဒသမ ၇ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီး ဖြစ်သည်။ ။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၀၁၀၂၅၈၃ ဦး သို့မဟုတ် ၇၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီ ဖြစ်သည်။

ဆင်ဟွာ